Tuesday, February 23, 2016

Missed Call Alert ၀န်ဆောင်မှုကို MPT က Default အဖြစ်ပြုလုပ်ပေး

Missed Call Alert ၀န်ဆောင်မှုကို MPT က Default အဖြစ်ပြုလုပ်ပေး
=====================================
                                                           

Missed Call Alert ၀န်ဆောင်မှုကို MPT က Default အဖြစ် စတင်ပြုလုပ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ၀န်ဆောင်မှုကို ယခင်ကစာတိုပို့၍ အခမဲ့ ရယူရခြင်းဖြစ်ပြီး ယခုအခါ ထိုသို့ပို့စရာမလိုတော့ကြောင်း၊ ဖေဖော်ရီလ ၁၅ ရက်နေ့မှ စတင် အသုံး ပြုနိုင်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် MPT မိုဘိုင်းဖုန်း အသုံးပြုသူများ အားလုံးသို့ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
MPT မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် အခြားသူမှ လတ်တလော ဖုန်းဖြင့် ဆက်သွယ်၍မရပါက Missed Call (MCA) ၀န်ဆောင်မှုအတွက် စာတို တစ်စောင်ကို လက်ခံရရှိမည်ဖြစ်ကြောင်း၊ MPT ၏ GSM/WCDMA အသုံးပြုသူတိုင်းအတွက် ယင်း Missed Call Alert ကို Default အဖြစ်ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုကို အသုံးမပြုလိုပါက 1331 သို့ MCA OFF ဟု ရိုက်နှိပ်ပေးပို့ကာ ပယ်ဖျက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Credit to >>>Internet Journal  17 FEB 2016
ရွှေအလင်းအိမ် Mobile (ပေါက်ခေါင်းမြို.)

4G အကြောင်း တစ်စေ့တစ်စောင်း

4G အကြောင်း တစ်စေ့တစ်စောင်း 

                                 

                               

ယခုဆိုလျှင် ကျွန်တော်တို့ နိုင်ငံမှာ မိုဘိုင်းကွန်ရက် နည်းပညာ အသစ်တစ်ခုဖြစ်တဲ့ 4G အတွက် လိုင်းစင်နှုန်းထားတွေရဲ့ လိုင်စင်ချထားပေးဖို့ ပြင်ဆင်နေပါပြီ။ မိုဘိုင်းအော်ပရေတာ တစ်ခုဖြစ်တဲ့ အော်ရီဒူးကလည်း 4G ကို လိုင်စဉ်ချပေးတာနဲ့ စတင်ဝန်ဆောင်မှု ပေးပါမယ်လို့ တရားဝင်ကြေညာ ထားပါတယ်။  တစ်ခြားအော်ပရေတာ တွေကလည်း 4G ကွန်ရက်အတွက် အသင့်ဖြစ်နေပါပြီလို့ ထုတ်ဖော်ပြောဆို ထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့  ပြည်သူတွေအနေနဲ့ သိပ်မဝေးတော့တဲ့ ကာလမှာ 4G နည်းပညာကို စတင်ထိတွေ့ နိုင်တော့မှာပါ။ ဒီလိုမကြာခင်  စတင်သုံးစွဲနိုင်တော့မယ် 4G နည်းပညာနဲ့ ပတ်သက်ပြီး သိထားသင့်တာ လေးတွေကို မိတ်ဆက်တဲ့အနေနဲ့ တင်ပြပေးလိုက်ပါတယ်။
4G  ဆိုတာဘာလဲ?
4G (Fourth Generation) ဆိုတာကတော့ GSM မိုဘိုင်းကွန်ရက်ရဲ့ စတုတ္ထမြောက် မျိုးဆက်ကို ဆိုလိုတာပါ။ သူ့ရှေ့က မျိုးဆက်ကတော့ ၁၉၉၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ 3G ပါဘဲ။ 4G ဆိုတာ တကယ်တော့ International Telecommunication Union (ITU) က သတ်မှတ်ပေးထားတဲ့ စံသတ်မှတ်ချက် တစ်ခုပါ။ လက်ရှိအချိန်မှာတော့ 4G  အဆင့်မီတယ်လို့ ITU က အသိအမှတ် ပြုထားတဲ့ ကွန်ရက်နည်း ပညာနှစ်ခုရှိပါတယ်။ အဲ့ဒါကတော့ LTE (Long Term Evolution) နဲ့ Mobile WiMax တို့ပါဘဲ။ LTE ကို တောင်ကိုရီးယားမှာ ၂၀၀၇ ခုနှစ်က စတင်အသုံးပြု ခဲ့ပါတယ်။ LTE ကတော့ လူသိအများဆုံး 4G ကွန်ရက်နည်းပညာ တစ်ခုပါဘဲ။ WiMax ကိုတော့ နော်ဝေးနဲ့ ဆွီဒင်မှာ ၂၀၀၉ ခုနှစ်က စတင်အသုံးပြု ခဲ့ပါတယ်။
4G ဟာ အရင် 2G, 3G တွေထက် download speed ရော upload speed ပါ အရမ်းမြန်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ 4G မှာ Orthogonal Frequency-Division Multiplexing (OFDM) နည်းပညာကို အသုံးပြု ထားလို့ပါဘဲ။  ဒီနည်းပညာဟာ radio frequency တစ်ခုမှာ  data တွေ အရင်ထက် ပိုပြီးများများ သယ်နိုင်အောင်လို့ ပြုလုပ်ပေးပါတယ်။ ဒါကြောင့်မို့ 4G ရဲ့ အမြန်နှုန်းက မြင့်နေတာပါ။
Multiple-Input and multiple-output (MIMO)  ဆိုတဲ့ နည်းပညာကလည်း 4G ကို ပိုမြန်စေတဲ့ အကြောင်းအရင်း တစ်ရပ်ပါဘဲ။ ဒီနည်းပညာဟာ တာဝါတိုင်မှာရော မိုဘိုင်းဖုန်းမှာပါ အင်တာနာ နှစ်ခု ဒါမှမဟုတ် လေးခု တစ်ပြိုင်နက် အသုံးပြုစေတာကြောင့် bandwidth ကို ထပ်ချဲ့စရာ မလိုအပ်ဘဲ speed ကို မြှင့်တင်ပေးပါတယ်။ 4G စမတ်ဖုန်း အများစုကတော့ 2×2 MIMO တပ်ဆင်ထားပါတယ်။  တစ်ချို့ဖုန်းတွေမှာတော့ 4×4 MIMO ကို တပ်ဆင် ပေးထားပါတယ်။ ဒါကြောင့် 4G  ချင်းအတူတူ ဖုန်းတစ်လုံးက ပိုမြန်ပြီး ဖုန်းတစ်လုံးက ပိုနှေးတယ်ဆိုတာ ဖြစ်လာနိုင်ပါတယ်။
4G နဲ့ 3G ဘာတွေကွာခြားလဲ?
4G နဲ့ 3G ရဲ့ အဓိက ကွာခြားချက်ကတော့ speed ပါဘဲ။ 3G ရဲ့ theoretical peak speed ဟာ 100Mbps အထိဘဲ ရှိပါတယ်။ 4G ကတော့ 1 Gbps အထိရှိပါတယ်။ လက်တွေမှာတော့ 4G ဟာ အဲ့လောက် မမြန်ပေမယ့် 3G ထက် ၁၀ ဆတော့ မြန်နေဆဲပါဘဲ။ လက်တွေ့မှာ တိုင်းတာချက်တွေအရ 4G ရဲ့ speed ဟာ 20 Mbps ကနေ 30 Mbps လောက်အထိ ရှိပါတယ်။ 3G က 384 kbps ကနေ 7.2Mbps အထိပဲ မြန်ပါတယ်။ 4G ရဲ့ speed က 3G ထက် ပိုပြီးတည်ငြိမ်ပါတယ်။ ဒါဟာ file size သေးသေးလေးတွေကို download ဆွဲရာမှာ မသိသာပေမယ့် app တွေ video တွေလို file size ကြီးတာတွေကို download ဆွဲရင်တော့ သိသာပါတယ်။ လေ့လာခက်တစ်ခုအရ 50 MB ရှိတဲ့ app တစ်ခုကို download ပြုလုပ်ရာမှာ 3G မှာ ၃၈ စက္ကန့်ကြာပြီး  4G  မှာတော့ ၁၂  စက္ကန့်ဘဲ ကြာပါတယ်။  5 MB ရှိတဲ့  သီချင်းတစ်ပုဒ်ကို download ဆွဲရာမှာတော့ 3G မှာ ၃ စက္ကန့်ကြာပြီး 4G မှာတော့ ၁ စက္ကန့်ဘဲ ကြာပါတယ်။ 3G ရဲ့ speed က တက်လိုက်ကျလိုက်နဲ့ မတည်ငြိမ်ဘဲ 4G ကတော့ တည်ငြိမ်တာကြောင့် ဒီလိုကွာခြား သွားတာပါ။
2G နဲ့ 3G ဟာ voice အတွက်သာ ရည်ရွယ်ပြီး design ဆွဲထားတာပါ။  4G ကတော့ data transmission အတွက် အဓိကထားပြီး design ဆွဲထားတာပါ။ ဒါကြောင်မို့  4G ကို ချိတ်ဆက်ထားတဲ့  မိုဘိုင်းဖုန်းတွေဟာ data တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် လက်ခံရယူနိုင် ပေးပို့နိုင်ပါတယ်။ data အတွက် ဦးတည်ပြီး ပြုလုပ်ထားတာဖြစ်လို့ 4G ကိုသုံးပြီး resolution ကောင်းတဲ့ video တွေကို ကြည့်ရှုနိုင်မှာ ဖြစ်သလို video conference, video call စသည်တို့ကိုလည်း ချောမွေ့စွာ လုပ်ဆောင်နိုင်မှာပါ။
Operator အများစုဟာ 4G ကို Ipv6 နဲ့ တွဲသုံးလေ့ ရှိပါတယ်။ Ipv ဆိုတာတော့ အင်တာနက်ကို ချိတ်ဆက်တဲ့နေရာမှာ device တွေအတွက် လိပ်စာ (IP address) သတ်မှတ်ပေးတဲ့ နည်းပညာပါဘဲ။ Ipv4 မှာ အက္ခရာ 32 bit သာ ပါဝင်တာကြောင့် IP address ပေါင်း ၄ ဘီလီယျံ လောက်ကိုသာ ပေးနိုင်ပါတယ်။ သိကြတဲ့အတိုင်းဘဲ ယနေ့ခေတ်မှာ အင်တာနက်ကို ချိတ်ဆက်တဲ့ device တွေဟာ ၂ ဘီလီယျံ မကတော့ပါဘူး။ ဒါကြောင့် မလောက်မငတွေဖြစ်ပြီး Network Address Translator (NAT) တွေကို ကြားခံအသုံးပြု ရပါတော့တယ်။ အဲ့ဒီအခါ အချိန်ပိုကြာတာတွေ၊ လုံခြုံရေး အားနည်းတာတွေ ဖြစ်လာပါတော့တယ်။ Ipv6 ကတော့ ဒီပြဿနာတွေကို  ဖြေရှင်းပေးနိုင်ပါတယ်။ 128 bit address ကို သုံးတဲ့ အတွက်ကြောင့် address ပေါင်း 3.4 × 108  အထိ ထောက်ပံ့နိုင်ပါတယ်။ ဒါကြောင့် device တစ်ခုစီမှာ ကိုယ်ပိုင် unique IP address တစ်ခုစီနဲ့ အင်တာနက်ကို လုံလုံခြုံခြုံ မြန်မြန်ဆန်ဆန် ချိတ်ဆက်နိုင်မှာပါ။
4G ရဲ့အားသာချက်နဲ့ အကျိုး ကျေးဇူးတွေ
(၁) မြန်နှုန်းမြင့် အင်တာနက်ကို ထောက်ပံ့နိုင်ခြင်း
4G ကွန်ရက်ရဲ့ အဓိက အားသာချက်ကတော့ data transfer rate အရမ်းမြန်တာပါဘဲ။ လက်ရှိ 3G ထက် ၁၀ ဆလောက် ပိုမြန်ပါတယ်။ သီအိုရီအရ 4G ကွန်ရက်ဟာ local user ကို 1 Gbps အထိ ထောက်ပံ့နိုင်ပြီး mobile user ကို 100 Mbps အထိ ထောက်ပံ့နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆက်ကြောင်းတွေ များရင်များသလို 4G ရဲ့ speed ကလည်း မြန်မှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ app တွေ၊ file တွေကို မြန်မြန်ဆန်ဆန် download ပြလုပ်နိုင်မှာပါ။
(၂) လိုင်းအားကောင်းခြင်း
4G ကွန်ရက်ဟာ လက်ရှိမိုဘိုင်း ကွန်ရက်နည်းပညာ တွေထဲမှာ ခေတ်အမီဆုံးနဲ့ အဆင့်မြင့်ဆုံး နည်းပညာ ဖြစ်ပါတယ်။ ဒါကြောင့် တာဝါတိုင်တွေက ထုတ်လွှင့်လိုက်တဲ့ လိုင်းအားက ကောင်းနေမှာပါ။ ဒါ့အပြင် 4G ဟာ အရင်မျိုးဆက်တွေထက် လိုင်းအားပိုကောင်းကြောင်း စမ်းသပ်တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သုံးစွဲသူတွေအနေနဲ့ အိမ်ထဲ ၊ တိုက်ခန်းထဲ ရောက်နေလို့ လိုင်းမမိတာတွေ လိုင်းအားနည်းတာတွေ သိပ်ကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး။
(၃) Video Streaming ကို ချောမွေ့စွာ ပြုလုပ်နိုင်ခြင်း
4G ဟာ မြန်နှုန်းမြင့် အင်တာနက်ကို ထောက်ပံ့နိုင်တာကြောင့် video streaming ကို အထစ်အငေါ့မရှိ ချောမွေ့စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိတဲ့အတိုင်း လက်ရှိ 3G နဲ့ Youtube video တွေကို ပြတ်တောင်း ပြတ်တောင်းနဲ့သာ ကြည့်နေရတာပါ။ ဒါတောင် HD resolution မဟုတ်သေးပါဘူး။ 4G မှာတော့ Full HD video တွေကိုတောင် မြန်ဆန်ချောမွေ့စွာ ကြည့်ရှုနိုင်မှာပါ။ 4G ကိုသုံးပြီး အွန်လိုင်းကနေ video နဲ့သင်ယူတာတွေ၊ သတင်း video ကြည့်တာတွေ၊ ဘောလုံးပွဲ live ကြည့်တာတွေကို ပြုလုပ်နိုင်မှာပါ။
(၄) Internet Call များ အဆင်ပြေစွာ ပြုလုပ်နိုင်ခြင်း
Internet call ဆိုတာကတော့ Skype တို့ Viber Out တို့လို အင်တာနက်ကနေ တစ်ဆင့် ဖုန်းခေါ်ဆိုတာကို ပြောတာပါ။ လက်ရှိ 3G မှာတော့ voice call တောင် သိပ်အဆင် မပြေသေးပါဘူး။ video call ဆိုရင် ပိုဆိုးပါတယ်။ 4G ကတော့ Internet voice call ရော video call ပါ အဆင်ပြေစွာ ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။
(၅) နိုင်ငံစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုခြင်း
ယနေ့ခေတ်မှာ အင်တာနက်နဲ့ လွတ်ကင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ကုမ္ပဏီတွေ ခပ်ရှားရှားရယ်ပါ။ အင်တာနက်ကို လုံးဝအားထား နေရတဲ့ မီဒီယာတွေ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ နိုင်ငံတကာနဲ့ ဆက်သွယ်နေရတဲ့ ကုမ္ပဏီတွေရဲ့ အရေအတွက်ကလည်း တိုးပြီးရင်း တိုးပွားလာနေပါတယ်။ ဒါကြောင့် မြန်နှုန်းမြင့် အင်တာနက်ကို ပေးနိုင်တဲ့ 4G ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ UK မှာ Capital Economics ကနေ လေ့လာချက်အရ UK မှာ 4G ကို ဝန်ဆောင်မှု ပေးတာဟာ တိုက်ရိုက်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို စတာလင်ပေါင် ၅.၅ ဘီလီယျံအထိ ပိုရစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် GDP ကိုလည်း 0.5% တိုးစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ဒီထက်မက ပိုတိုးတက် နိုင်ကြောင်းကိုလည်း တင်ပြခဲ့ပါတယ်။
4G ရဲ့ အားနည်းချက်တွေ
4G မှာ အားနည်းချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ 4G အသုံးပြုဖို့အတွက် 4G enabled handset တစ်လုံးတော့ အသစ်ဝယ်ယူ ရမှာပါ။ ပြီးတော့ 4G ဖုန်းတွေဟာ အင်တာနာ နှစ်ချောင်းကို တစ်ပြိုင်နက် အသုံးပြုတာကြောင့် battery အကုန်မြန်စေပါတယ်။ ဒီပြဿနာကိုတော့ လိုအပ်ရင် 3G ပြောင်းထားခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ နောက်ထပ် အားနည်းချက် တစ်ခုကတော့ လုံခြုံရေး အားနည်းတာပါ။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၂၇ ရက်နေ့မှာ Daily Mai က 4G ဟာ 3G ထက် လုံခြုံရေး ပိုအားနည်းကြောင်း သုတေသီတွေ ရှာဖွေတွေ့ရှိ ထားတယ်လို့  သတင်းရေးသား ထားပါတယ်။ 4G ကွန်ရက်မှာ open protocol ကို သုံးတာကြောင့် SS7 protocol ကိုသုံးတဲ့ 3G ထက် ပိုမြန်ပေမယ့် ဟက်ကာတွေ အနေနဲ့ ပိုမိုလွယ်ကူစွာ ထိုးဖောက် နိုင်ပါတယ်လို့  ရေးသားထားပါတယ်။ ဒါကတော့ လက်ရှိအချိန်မှ4G ရဲ့ အကြီးမားဆုံး အားနည်းချက်ပါဘဲ။ ဒါပေမယ့် အော်ပရေတာ တွေအနေနဲ့ ဒီပြဿနာကို ကြိုးစားပြင်ဆင် ကြမှာဖြစ်လို့ နောက်ပိုင်းမှာ လုံခြုံရေး ပိုကောင်းလာနိုင်ပါတယ်။
Ref (provided in email)
ရွှေအလင်းအိမ် Mobile (ပေါက်ခေါင်းမြို.)

 

Tuesday, February 2, 2016

Huawei ရဲ့အသစ်ထွက်စမတ်ဖုန်း Huawei GR5

Huawei ရဲ့အသစ်ထွက်စမတ်ဖုန်း Huawei GR5

 

အခုနောက်ပိုင်းထွက် Huawei ဖုန်းများဟာအရည်အသွေးပိုင်းမှာတော်တော်လေးကောင်းမွန်လာတာကိုတွေ့ရပါတယ်။ အခု မိတ်ဆက်ပေးချင်တာကတော့ Huawei ကနေအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Huawei GR5 ဆိုတဲ့စမတ်ဖုန်းအမျိုးအစားသစ်ဖြစ်ပါတယ်။
Huawei GR 5 ဟာ ဈေးနှုန်းအားဖြင့် ၂၈၉၀၀၀ ခန့်ဖြစ်ပြီးမြန်မာပြည်ဈေးကွက်မှာစတင်ဝယ်ယူရရှိနိုင်နေပါပြီ။ GR စီးရီးဟာအရင်ကထွက်ရှိထားတဲ့ Ascend တို့ Honor တို့ P စီးရီးတို့နဲ့မတူဘဲ အလယ်လတ်တန်းစားမော်ဒယ်သစ်တစ်ခုအနေနဲ့ထုတ်လုပ်ထားတာပါ ။  ဖုန်းရဲ့ကိုယ်ထည်က aluminum magnesium alloy body နဲ့ဖြစ်ပြီးဒီဇိုင်းပုံစံကလည်းဆွဲဆောင်မှုရှိပါတယ်။
hw_465310
Huawei GR5 မှာ FingerPrint 2.0 စနစ်လည်းပါဝင်ပြီး Lock ကို FingerPrint အသုံးပြုဖွင့်တာအပြင် ဓာတ်ပုံ/ဗီဒီယိုရိုက်တာ ၊ ဖုန်းအ၀င် Call လက်ခံတာစတာတွေကိုလည်း မိမိသတ်မှတ်ထားတဲ့လက်ဗွေရာနဲ့ FingerPrint အသုံးပြုပြီးလုပ်ဆောင်နိုင်မှာပါ။ ယင်း Fingerprint Sensor 2.0 မှာ Mate7နှင့် G7Plus တွင် ပါဝင်သည့် feature တွေကို လုပ်ဆောင်ပေးနိုင်တဲ့အပြင် Alarm ပေးထား၍ နှိုးစက်မြည်လာပါက fingerprint စနစ်ဖြင့် နှိုးစက်ပိတ်ခြင်း၊ fingerprint sensor ပေါ်တွင် လက်ဖြင့် အပေါ်မှအောက်၊ အောက်မှအပေါ်သို့ ပွတ်ဆွဲခြင်းဖြင့် notification bar ကို ဆွဲချနိုင်ခြင်း ပြန်ပိတ်နိုင်ခြင်း ၊ notification bar ကိုဆွဲချထားချိန်မှာ fingerprint sensor ပေါ်သို့ လက်ဖြင့် ၂ ချက်ထိပါက notification alert များကို ဖယ်ရှားပေးပြီး notification bar ကို အပေါ်သို့ပြန်တင်နိုင်ခြင်းစတဲ့ feature အဆန်းအပြားလေးတွေကိုလည်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။  Huawei GR5 မှာတပ်ဆင်ထားတဲ့ FingerPrint Sensor ဟာအတော်လေးလျင်မြန်မှုရှိတာကိုလည်းတွေ့ရပါတယ်။
hw_465309-2
Camera ပိုင်းအနေနဲ့ ဖုန်းရဲ့နောက်ဘက်ခြမ်း Primary Camera ကို 13 Megapixel ( f/2.0 camera ) ကိုတပ်ဆင်ထားပြီး ဖုန်းရဲ့ရှေ့ဘက်ခြမ်း Front Camera ကိုတော့ 5 Megapixel Camera ကိုတပ်ဆင်ပေးထားပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယိုများကိုရုပ်ထွက်ကြည်လင်ပြတ်သားစွာနဲ့ရိုက်ကူးနိုင်မှာပါ။
hw_465311
Huawei GR5 ကို Software System ပိုင်းအနေနဲ့ Android 5.1 Lollipop (Emotion UI 3.1) အသုံးပြုထားပြီး Processor အနေနဲ့ Qualcomm Snapdragon 616 Chipset ကိုတပ်ဆင်အသုံးပြုထားပါတယ်။ RAM 2GB တပ်ဆင်ထားပြီး Internal Storage အနေနဲ့ 16GB ပါဝင်ပါတယ်။ Memory Card လည်းထပ်စိုက်လို့ရပါတယ်။ ဖုန်းရဲ့ Screen size ကတော့ ၅.၅ လက်မဖြစ်ပြီး SIM Card ၂ ကဒ်ထည့်သွင်းအသုံးပြုနိုင်မှာပါ။ Huawei GR5 ဟာ 2G,3G,4G Network အားလုံးမှာအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။
hw_465313
Huawei GR5 မှာ Battery အနေနဲ့ 3000 mAh Battery ကိုတပ်ဆင်အသုံးပြုထားတာကြောင့် Battery အားအတော်ခံမယ့်ဖုန်းတစ်လုံးပါပဲ။
hw_465314

Huawei GR5 ကိုတော့ Gold/Silver/Gray စတဲ့အရောင်သုံးမျိုးနဲ့ရွေးချယ်ဝယ်ယူရရှိနိုင်မှာပါ။ ဈေးနှုန်းလည်းသင့်တင့်ပြီး စွမ်းဆောင်ရည်လည်းမြင့်မားတာကြောင့် စမတ်ဖုန်းဝယ်ယူလိုသူတွေအတွက်ရွေးချယ်သင့်တဲ့ဖုန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။
ရွှေအလင်းအိမ် Mobile (ပေါက်ခေါင်းမြို.) တွင်လည်းဝယ်ယူရရှိနိုင်ပါသည်။

Monday, January 18, 2016

မြန်မာဖောင့်လှလှလေးများ

 မြန်မာဖောင့်လှလှလေးများ
===================

မင်္ဂလာပါ မြန်မာဖောင့်လှလှလေးတွေကို အသုံးပြုချင်သူများအတွက် မြန်မာဖောင့်
အလှစတိုင်များကိုထည့်သွင်းအသုံးပြုနိုင်တဲ့ Stylish Fonts APK ကိုတင်ပေးလိုက်
ပါတယ်ဖုန်းမှာ Root ရှိစရာမလိုပါဘူး။ မိမိဖုန်းမှာ Font Style ပါရှိနေရင် ဒီ Font APK
ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။Android ဖုန်းတော်တော်များများမှာ အသုံးပြုနိုင်
ပါတယ်။မြန်မာဖောင့်လှလှလေးတွေနဲ့လန်းနေချင်သူများဒေါင်းယူနိုင်ပါပြီ
http://www.aungkyaw.net/2016/01/stylish-fonts18apk.html


Credit to >>> ဆော.၀ဲမြို.တော်
ရွှေအလင်းအိမ် Mobile (ပေါက်ခေါင်းမြို.)
                                                                   



Friday, January 15, 2016

Androidသမားများအတွက် ဆောင်ရန်ရှောင်ရန်

Androidသမားများအတွက်
ဆောင်ရန်ရှောင်ရန်

1. မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ Gingerbread(2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting>application>development ထဲမှာ usb debugging ကို check box - On ထားပြီး ဖွင့်ထားရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင် Setting>Developer options ထဲမှာ usb debugging ကို check box-On ပြီ ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်းအမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် pattern/pin/password lock တစ်ခုခုကျသွားမယ်ဆိုရင်ပြသနာပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထားတဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့အကြောင်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်းနိုင်မှာပါ။
***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.
2. မိမိဖုန်း ဘက်ထရီ ကို အမြဲတမ်း charging power 30% ထက်မနည်းထားပေးပါ။ ဖုန်းကို charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန်များစွာဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။
***always make sure not to be under 30% of batter charging .
3. မလိုအပ်တဲ့ launcher တွေသုံးခြင်းမှ ရှောင်ပါ။ တချို့တချို့ launcher တွေသုံးခြင်းဖြင့် ဖုန်းမှာ ပါတဲ့ မူရင်း launcher နဲ့ conflict ဖြစ်ပြီး error တွေတက်တတ်ပါတယ်။ တတ်နိုင်သမျှ android မှာပါတဲ့ default launcher ကို သုံးခြင်းက ပိုမိုကောင်းမွန်ပါတယ်။
***you should use your android default launcher.Sometimes, another launcher give u any conflict.
4. Root လုပ်ထားတဲ့ android တွေ user တွေအတွက် cpu နဲ့ memory ကို over clock လုပ်တဲ့ software များကို သုံးခြင်းမှ ရှောင်ကြပါ။ မိမိရဲ့ android လေးအသက်ရှည်ဖို့ cpu နဲ့ memory ကို လိုအပ်တာထက်ပိုမခိုင်းပါနဲ့ ။ ကြာရင် android ဟာ လေးလံလာတတ်ပါတယ်။
***For root user, don't use any cpu and memory over clocking applications cause of decreasing ur android performance.
5. အင်တာနက်, game နဲ့ application တွေကိုသုံးပြီးတိုင်း Android ကို cache တွေကို အမြဲ ရှင်းလင်းပေးပါ။ appcache cleaner လိုမျိုး android ရဲ့ cache ကို ရှင်းပေးတဲ့ android application လေးတွေ ရှိပါတယ်။ မိမိ android ကို သွက်လက်စေပါတယ်။
***always clean ur cache of android after using internet ,app and games.That will be better performance for ur android.
6. မှတ်မိသိလွယ်ပြီး လုံခြုံတဲ့ pattern/pin/password securit lock မျိုးကိုသာ ပေးပါ။ တစ်ခုရှိတာက ဒီလိုမျိုး security lock မျိုးပေးပြီးမှ security lock ကို မသိတဲ့ အခြားသူ တစ်ယောက်က အကြိမ်ကြိမ်အခါခါ မှားယွင်းပြီး ဖွင့်မိတာ မဖြစ်ပါစေနဲ့။ အကြိမ်ကြိမ်မှားယွင်းပြီး pattern/pin/password security lock ကိုဖွင့်မိရင် နောက်ဆုံး ကိုယ်လည်း ဖွင့်လို့ မရတော့ပါဘူး။
***safe and recognize ur security lock.
7. မလိုအပ်သော application နဲ့ game တွေကို မိမိ android မှ ဖယ်ရှား(uninstall)ထားပါ။ Gingerbread(2.3.x)နဲ့ အောက်ပိုင်း version တွေမှာ Setting>application>manage application ထဲသို့သွားပြီး မိမိမလိုချင်တာကို uninstall လုပ်လို့ ရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x)တွေမှာ Setting>apps ထဲသို့သွားပြီး uninstall လုပ်လို့ရပါတယ်။
***remove applications and games u never used.
8. ဖြစ်နိုင်သမျှ stock rom(official rom) ကိုပဲ သုံးပါ။stock rom ဆိုတာ android device ထုတ်လိုက်တဲ့ company က အဲဒီ device အဲဒီ model အတွက် သီးသန့် ရေးထားတာပဲဖြစ်ပါတယ်။ custom rom(unofficial rom) ကို သုံးခြင်းမှ ရှောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ custom rom(unofficial rom) တွေဟာ user တွေ android developer တွေက ပြန်လည် ပြီး modifiy လုပ်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိကောင်းရှိနေလို့ပါ။(တချို့ custom rom တင်ပြီးမှ camera မရ၊ sim card မသိတာတွေဖြစ်တတ်လို့ပါ)။ ဒါကြောင့် android user တွေအနေနဲ့ မိမိရဲ့ android လေး version မြင့်ရင်ပြီးရောဆိုပြီး stock rom နဲ့ custom rom ကိုမသေချာပဲ မတင်ပါနဲ့။ ဆိုင်မှာ သွားလုပ်တယ်ဆိုရင်လည်း stock rom လား custom rom သေချာမေးပါ။ မေးတဲ့ ပုံစံလေးတော့နည်းနည်းသတိထားနော်။တော်ကြာဖုန်းဆိုင်က service သမားက ငါ့ကိုဆရာလုပ်တယ်ဆိုပြီး မျက်မုန်းကျိုးနေဦးမယ်…ဟိဟိ။
***suggest u stock rom is more better than custom than.
9. မိမိမှာရှိတဲ့ android device specification နိမ့် တာတွေမှာ game တွေများများဆော့တာပါ။ အဓိကက ဖုန်းတွေမှာပါ။ game များများဆော့တော့ဘာဖြစ်လဲ???touch ကိုထိခိုက်စေတယ်။ ဆော့တာကြာလာရင်၊ ဖုန်းသက်တမ်းရှည်လာရင် ဘက်ထရီက အရင်ကလောက် performance မကောင်းတော့ဘူး။ ပြောရရင်ဘက်ထရီ ကြာကြာမခံတတ်တော့ဘူး။ မဆော့နဲ့လို့ မပြောလိုပါဘူး။ ဖုန်းသုံးတဲ့လူအမျိုးမျိုးမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိတယ်။ entertainment and communication ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်က ပိုက်ဆံပေးဝယ်ထားတာပါ။တကယ် game ဆော့ချင်ရင်Game for tabletလေးတွေ
အကြမ်းခံပါတယ်ဝယ်သုံးသင့်ပါတယ်
Credit>>Org uploder
ရွှေအလင်းအိမ်Mobile (ပေါက်ခေါင်းမြို.)
                                                                            

Facebook Like Page